တစ်မြေခြားတဲ့ ချစ်သူဆီ..
ငွေလကိုသက်သေတည်လို့ ...
စေလွှာတွေပါး လွမ်းရက်ရှည်ခဲ့ ပြီ...
ကဗျာမပေး....စာမရေး.....
အလွမ်းမဝေ..ပန်းမစေနဲ့ ...
ကမ္ဘာလေးတွေ..ဝေးရပြီ။ ။
( မြနဒီ)
အချစ်ဆိုတာ
ဓါးသွားပေါ်ကပျားရည်စက်တဲ့ ....တောက်။
ဘယ်သူတွေကအကုန်လျက်သွားပါလိမ့် 
ငါ့ အလှည့်ကျဓါးသွားမြေ့မြေ့ပဲကျန်ခဲ့ တယ်။